BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, September 10, 2009

ဆန္ဒ

ကဲ . . . ကိုယ်ပိုင်အယူအဆတွေခဏဘေးချလို့
မင်းနဲ့ငါ့စိတ်တွေကို တစ်သားတည်းကျအောင်
ထားကြည့်လိုက်စို့ရယ်

လွတ်လပ်စွာကွဲလွဲနိုင်တာတွေက
ခဏ ခဏ ဆိုတော့လည်း စိတ်ပျက်စရာ
ဘ၀ဆိုတာကြီးက ဘယ်လိုပုံစံခွက်ထဲ
ပျော်ဝင်နေရတဲ့ အရာလဲ
ပြောရတာလည်း မောတယ်

အနည်းဆုံးတော့ မင်းငါ့ကိုချစ်နေသလို
ထပ်တူ ငါလဲ မင်းကိုချစ်နေ
ရှင့်ကဗျာတွေက ဘာတွေမှန်းမသိဘူးဆိုတာ
နောက်မှပဲပြောတော့ကွယ်

လာခဲ့ . . . အချစ်ရယ်
ကိုယ်ပိုင်အယူအဆတွေ ဘေးချလို့
ခဏပဲဖြစ်ဖြစ်
မင်းနဲ့ငါ့စိတ်တွေကို တစ်သားတည်းကျအောင်
ထားကြည့်လိုက်ပါစို့ကွယ်

2 comments:

မောင်နွေသစ် said...

ရှင့်ကဗျာတွေက ဘာတွေမှန်းမသိဘူးဆိုတာ
နောက်မှပဲပြောတော့ကွယ်

ဟုတ်တယ်...နားမလည်လဲနေတော့
ချစ်တယ်ဆိုတာ သိရင်ပြီးတာပဲနော်....

mgngal said...

အဲဒါပဲ အရေးကြီးတာ အဲတာပဲ ။ ကဗျာလေး လိုရင်းကို ရောက်တယ် ။း)
ခံစားသွားပါတယ် ။