BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, September 10, 2009

တစ်ကိုယ်ရည်

စီးကျနေတဲ့ မိုးရေစက်တွေကိုကျော်လို့
မှန်ပြူတင်းအပြင်ကို မျှော်ငေးမိ
မျက်ဝန်းက သတိရခြင်းနှင်းတွေ ကြွေကျရုံထက်
ဘာမှ မတတ်နိုင်တယ်

မင်းမမှတ်မိလဲ ကိစ္စမရှိဘူးရယ်
ကိုယ့်ဖာသာ
အတိတ်မြစ်ထဲမှာ ပူလောင်ကူးခပ်နေချင်မိတာကိုက
နာတာရှည် ကုမရတဲ့ရောဂါ
ငါ့ကို မလိုအပ်တော့ဘူးပြောတဲ့နေ့ကလည်း
အခုလိုမျိုး မိုးတွေရွာခဲ့ပေါ့

ဟန်ကိုယ့်ဖို့ပါကွဲ့
မင်းမကြိုက်တဲ့ Pink Floyd ရဲ့
သီချင်းတွေ အကျယ်ကြီးဖွင့်လို့ မလွမ်းဆွတ်ဟန်ဆောင်
မခံနိုင်တဲ့အဆုံး
ကိုင်သူမရှိတဲ့ ဖုန်းကိုအကြောင်းမဲ့ခေါ်
ဆက်သူမရှိပါပဲ တယ်လီဖုန်းသံကို မျှော်နေမိပြန်တယ်

သိုဝှက်မှုတွေ ခပ်များများနဲ့
ရှင့်အချစ်က တစ်ကယ့်စိတ္တဇပဲ
မမြင်မကြားရလဲ . . စိတ်ထဲ
သူ့အရိပ်ကလေးနဲ့အသံဟာ တစ်ဆူတစ်ညံရှိဆဲ

ချစ်ခြင်းမေတ္တာဟာ သူ့အကိုင်းအခက်နဲ့သူသာ
ရှင်သန်နေပါစေတော့ကွယ်
ဟော့ဒီညမှာ . . . .
ဘာအကူအညီမှမပါပဲ ရိုးရိုးလေးအိပ်စက်ပစ်နိုင်ဖို့သာ
ကိုယ် မျှော်လင့်မိပါတယ်။

5 comments:

စိုင်းလောဝ်ပိန်း said...

ဟန်ကိုယ့်ဖို့ပါကွဲ့
မင်းမကြိုက်တဲ့ Pink Floyd ရဲ့
သီချင်းတွေ အကျယ်ကြီးဖွင့်လို့ မလွမ်းဆွတ်ဟန်ဆောင်
မခံနိုင်တဲ့အဆုံး
ကိုင်သူမရှိတဲ့ ဖုန်းကိုအကြောင်းမဲ့ခေါ်
ဆက်သူမရှိပါပဲ တယ်လီဖုန်းသံကို မျှော်နေမိပြန်တယ်

ကဗျာလေး ကောင်းတယ်ဗျာ။ အားပေးနေမယ်

TGRmg said...

အလွမ်းတွေ ပြည့်နေတဲ့ ညတစ်ညဟာ အိပ်စက်ပစ်ရမှာ နှမျောဖို့ ကောင်းပါတယ် ညီလေးရေ..

မောင်နွေသစ် said...

မင်းမမှတ်မိလဲ ကိစ္စမရှိဘူးရယ်
ကိုယ့်ဖာသာ
အတိတ်မြစ်ထဲမှာ ပူလောင်ကူးခပ်နေချင်မိတာကိုက
နာတာရှည် ကုမရတဲ့ရောဂါ
ငါ့ကို မလိုအပ်တော့ဘူးပြောတဲ့နေ့ကလည်း
အခုလိုမျိုး မိုးတွေရွာခဲ့ပေါ့

မိုးတွေရွာတိုင်း မျက်ရည်ဝိုင်းနေရမှာပေါ့နော်...

ဖြိုးငယ် said...

တစ်ပုဒ်လုံးရေးသွားပုံလေးက လှတယ်ဗျာ

အိုင်လွယ်ပန် said...

အင်းးး
တကိုယ်ရည် ..
ညထက်ပြီး မနက်ခင် .......။။