BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, May 22, 2009

အတိတ်မှ . . . အဝေးသို့


မျှော်လင့်ခြင်းကို ဆုပ်ကိုင်မထားချင်တော့ဘူး . .
ဟုတ်တယ်
မနီးတဲ့ အရပ်ကိုမှ ဆုံးဖြတ်ချက်တဖတ်သက်ချလို့
ခရီးရှည် ထွက်ခွာသွားသူကို
ကျွန်တော် ပြန်လွမ်းမနေချင်တော့

သူမရဲ့ ရာသီဥတု သာယာပါရဲ့လား
တစ်ခါတစ်ခါ တွေးမိရဲ့
ကျွန်တော့မြို့မှာ မိုးသက်လေပြင်းကျတဲ့အကြောင်း
နှလုံးသားမှာရေကြီး ရင်ဘတ်ထဲတောမီးလောင်
လက်ခမောင်းထခတ်တဲ့ အလွမ်းတွေရဲ့ ရာဇ၀င်
သူမ သိဖို့မလို

တင်္ဒဂ စိတ်ကူးသာဖြစ်တယ်
နာကြည်းမိတဲ့ ဆောင်းအိပ်မက်ဖြစ်တယ်
လေပြင်းတွေအတိုက်ခံရတဲ့ တိမ်တိုက်သာဖြစ်တယ်
ဗလာမှန်းသိရက်နဲ့ နှိုက်မိတဲ့ မဲဖြစ်တယ်

အတွေးဟာ အတွေးထဲမှာပဲပျောက်ကွယ်
အချည်းနှီးဖြစ်တဲ့ ကြိုးစားခြင်းတွေလွင့်ပျယ်လို့
နောက်ဆုံးထွက်လာတဲ့အီကွေးရှင်းမှာ
သူမကို . . .
နင့်နင့်သည်းသည်းချစ်မိနေဆဲအဖြစ်နဲ့
အနည်ထဆဲအလွမ်းနွံများသာ
နှလုံးသားထက်
. . . . . . တင်ကျန်ရစ်ခဲ့ရပါတယ်

2 comments:

nnhtun said...

သူမရဲ့ ရာသီဥတု သာယာပါရဲ့လား
တစ်ခါတစ်ခါ တွေးမိရဲ့
ကျွန်တော့မြို့မှာ မိုးသက်လေပြင်းကျတဲ့အကြောင်း
.......................

ကျွန်တော်ကတော့ မိုးတွေရွာတိုင်း မုန်တိုင်းသတင်းကြားတိုင်း ပင်လယ်ထဲက သူ့အတွက် ရူးမတတ် ခံစားခဲ့ရဖူးတယ်..

Unknown said...

အလွမ်းတွေ လက်ခမောင်းထခတ်သတဲ့လား...ဗျာ
လှလိုက်တဲ့ စာသားလေး
အင်း..ခက်တော့ခက်တယ်နော်...
မီးလောင်ချိန် ... ကိုပဲ အဲဒီအလွမ်းကလဲချောင်းနေသလားမသိ..