BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, May 11, 2009

မျှော်လင့်ခြင်းကို ရှာဖွေမိသောနေ့များ

ချစ်ခြင်းမေတ္တာဟာ
ဘယ်သူ့ရင်ဘတ်မှာ အိပ်စက်နေပါသလဲ
တစ်ဆိတ် . . .
မျှော်လင့်နေသူဆီပြန်လာပါ

တသသ မတွေးနဲ့ တဆစ်ဆစ်နာတယ်လို့
ရင်ဘတ်ကြီးကလှမ်းပြောရဲ့
အဲ့ဒီ လွမ်းမောဖွယ်ဇာတ်ကြီးကို
တစ်ခန်းရပ်ပစ်ဖို့
ဆံစ တွေထဲ ပျော်ရွှင်ဖူးတဲ့
ကံ့ကော်ပွင့်ခြောက်လေးက ခပ်တိုးတိုးဆို

အလွမ်းရယ်
ငါ့မျှော်လင့်ခြင်းဟာ နင်မဟုတ်ဘူးကွဲ့
ရှာဖွေတွေ့ရှိသော မရေရာမှုများထဲမှာ
တိတ်တဆိတ် မြည်တမ်းရင်း . . .
. . . . .
ကြေကွဲ လွမ်းဆွတ်နေခဲ့ရပါတယ်

3 comments:

Mhu Darye said...

လာဖတ်ဖြစ်တယ်...။
ကြိုက်တယ်။
း)

နွေညို said...

ကျေးဇူးတင်ပါတယ် ခင်ဗျာ :D

Unknown said...

လွမ်းတတ်လိုက်တာ .. :)