BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, May 7, 2009

အလင်းရဲ့ဝေးရာ

နာကျင်ရပုံများ . . .
ကိုယ်က စမရှို့ပါပဲ ရင်တစ်ခုလုံး
ဟုန်းဟုန်းတောက်လောင်ခဲ့တယ်

လှပသောသူ့အဆင်းမှာ ကိုယ်က အလင်းလို့မှတ်ထင်
အားငယ်ရသော အမှောင်ကာလတွေထဲ
မင်းအပေါ်
ရဲရင့်မျှော်လင့်ခြင်း အထပ်ထပ်နဲ့
အိပ်မက်ပန်းပွင့်တွေ ဝေခဲ့ဖူး

မင်းအလင်းရဲ့ ဘာသာဗေဒမှာ
အနက်အဓိပ္ပါယ်တွေလွဲချော်ခဲ့ခြင်းလား
မမျှော်လင့်မှုတွေရဲ့ ခေါ်ဆောင်ရာဟာ
ဒီမေလလိုပဲ ပူပြင်းသွေ့ခြောက်လွန်း

အဆုံးတော့
အလွမ်းတွေသာ မွှန်းထုံထားတဲ့
အမှောင်ထုတွေထဲ အရောင်အဆင်းမဲ့လို့
တစ်ကိုယ်တည်း တိတ်ဆိတ်စွာ
ကျွမ်းလောင်ကျဆုံးခဲ့ရပါတယ်

1 comments:

Unknown said...

အလွမ်းတွေနဲ့ ကျဆုံးနေတဲ့ နေ့ ရက်တွေကုန်ဆုံးပါစေ
ဆုတောင်းပေးတယ်နော်