BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, August 25, 2009

မရည်ရွယ်ပေမဲ့

အဲ့သလိုမရည်ရွယ်ပေမဲ့

အဲ့သလို ဖြစ်သွားတဲ့အတွက် ၀မ်းနည်းပါတယ်



ကိုယ့်စိတ်ဟာ မိုးတိမ်လိုရွေ့လျားပြောင်းလဲတတ်ကြောင်း

ကိုယ့်မျှားတဲ့ မေတ္တာမှာ မာယာအနည်းငယ် ဖြည့်စွက်ထားခဲ့ကြောင်း

အစကတည်းက မင်းသိစေဖို့

မျှော်လင့်ခဲ့တယ်



တစ်ရှုးဖြူလွလွတွေမြင်တိုင်း နှုတ်ခမ်းဆိုးဆေးအချို့အကြောင်း

အမှတ်ရမိတာ မငြင်းလို

ဒဏ်ရာနဲ့သွေးစက်တွေ စက်လက်ယိုနေဆဲပဲလား

တစ်ရံတစ်ခါ

တွေးမိခြင်းထက် ကိုယ်လက်တွေ့မဆန်နိုင်ခဲ့



သူလို ကိုယ်လိုပဲပေါ့ ကလေးရယ်

ခေတ်က တောင်းဆိုတဲ့ ကိုယ့်လိုအပ်မှုတွေထဲမှာ

မင်း မပါတော့ဘူးပဲ မှတ်ယူပါ

ကိုယ့် ကို မုန်းပါ စိတ်နာပါ. . .



အဲ့သလိုမရည်ရွယ်ပေမဲ့

အဲ့သလို ဖြစ်သွားတဲ့အတွက် အနူးအညွတ်

တောင်း ပန် ပါ တယ် တစ်ကယ်

2 comments:

Unknown said...

မရည်ရွယ်ပဲနဲ့..အဲသလို ဖြစ်သွားတာပါဆိုတဲ့အကြောင်းကို
ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောချင်တာလဲ....

သူလို ကိုယ်လိုပဲပေါ့ ကလေးရယ် ခေတ်က တောင်းဆိုတဲ့ ကိုယ့်လိုအပ်မှုတွေထဲမှာ မင်း မပါတော့ဘူးပဲ မှတ်ယူပါ ကိုယ့် ကို မုန်းပါ စိတ်နာပါ. . .

ခပ်ပြတ်ပြတ်ပါပဲလားဗျာ...ကိုနွေညိုရေ...
ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ....
အားပေးလျက်ပဲဗျို့....

အိုင်လွယ်ပန် said...

မရည်ရွယ်တဲ့ ကဗျာ
ရည်ရွယ်ပြီးကို လာရောက်
ဖတ်ရှုသွားကြောင်းပါဗျာ ။