BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, August 11, 2009

ခုတလော

တွေးနေမိတာက
စိတ်ပျက်ဖို့ကောင်းတဲ့ ကိုယ့်ဘ၀အကြောင်း


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တစ်ဇွတ်ထိုး ဆန်လွန်းတယ် . . ဆန်ခဲ့တယ်


ကျန်းမာရေး
စိတ်ကောင်းတဲ့နေ့ နေကောင်းပါတယ်



ဖတ်ဖြစ်တဲ့စာအုပ်က
နံရံ၏အခြားတဖက်၌ (ဂျူး)
မှတ်ချက် ။ မမှုးဒါရီနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖတ်ဖြစ်ခဲ့တယ်။



ရောက်နေဖြစ်တာက
အခုတလောတော့ အရက်ဆိုင်ပဲရောက်ဖြစ်တယ်



ရေးဖြစ်နေတာက
စိတ်ထဲရှိရာအပိုင်းအစတွေ (၀တ္ထုတိုပုံစံလေးတွေ)


နားထောင်ဖြစ်နေတာက
အပြီးသတ်ခက်တယ် (ကျားပေါက်) နက္ခတ်မှား ဆေးမှင် (ဂျီလတ်)



ရွတ်နေမိတဲ့ကဗျာက
ခေါင်းစဉ်မရှိတဲ့အသံ (ကိုနိုးဝေ)


ဖြစ်ချင်နေတာက
မဖြစ်နိုင်မှန်းသိလို့ မဖြစ်ချင်တော့ဘူး



စားဖြစ်နေတတ်တာက
ပီကေ . . . (အချိန်တိုင်းလိုလိုစားဖြစ်နေတယ်)


သနားနေမိတာက
ကိုယ့်ထက်သနားစရာကောင်းတဲ့သူတွေ


လွမ်းနေမိတာက
“ရှင့်ကို မလွမ်းဘူး”



မေ့လျော့ပစ်နေမိတာက
မမေ့နိုင်သေးတဲ့အရာတွေကို



ခါးသက်နေမိတာ

ဘ၀အမှားထဲမှာ လူဖြစ်လာရတာ


တမ်းတနေမိတာက
အတိတ်


ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ့်ကိုယ်ကို. ။ ဒီအချိန်ထိ ခံနိုင်ရည်ရှိနေသေးလို့


ကြိတ်ပြီးအထင်သေးနေမိတာက
ဒီအချိန်ထိ ပျော့ညံ့နေသေးတဲ့ ကိုယ့်ကိုယ်ကို ။


ဆန္ဒရှိနေတဲ့ကိစ္စ
ပြောချင်တာတွေ ဆက်ဆက်ပြောလိုက်ဖို့


မုန်းတီးနေမိတာက
လူတွေ


ချစ်နေတာက
လူတွေ


စိတ်ပျက်နေမိတာက
အတောမသတ်နိုင်တဲ့ လောဘတွေ


စွဲလန်းနေမိတာက
တစ်စုံတစ်ရာပေါ့ ( ဘာလဲလို့မပြောတော့ဘူး)


လိုအပ်နေတာက
ရင်ဘတ်တစ်ခု . . .



ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ပြန်လာပါ



ဝန်ခံချင်တာက
အရမ်းမှားခဲ့တယ် . . .



(ပထမဆုံး သူများ Tag ထားတာကို ရေးဖူးတာပါ ဘာတွေဘယ်လိုလုပ်ရမှန်းတောင် မသိဘူး . . . စိတ်ထဲရှိရာတွေ ချရေးလိုက်တယ်. မမှုးဒါရီရေ ကျေနပ်မယ်ထင်ပါတယ်)

2 comments:

Mhu Darye said...

အဆင်ပြေတယ် နွေညို ..။

လာဖတ်သွားပြီ။

ရောက်ဖြစ်နေတာက အရက်ဆိုင်ဆိုတာလေး တခုပဲ..ကြည့်ကျက်လုပ်ဖို့ ပြောစရာ ရှိတယ်.. :D

အိုင်လွယ်ပန် said...

ကျွန်တော့်အဖို့တော့ လွမ်းနေမိတာ
အရက်ဆိုင်ဗျ ...

အရက်ဆိုင်ရှားပါးတဲ့နေရာ မှာ နေရတာ
ရင်ထဲမကောင်းလှဘူး :)
လွမ်းတယ် :)