BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Friday, August 13, 2010

Rewind လုပ်မရတဲ့ရုပ်ရှင်

ကြေကွဲရပုံများ . . .
စိတ်က ရွေ့လျားနေတဲ့ တိမ်တွေပေါ်မှာ
ပြန်မလာတော့မဲ့ အဝေးပြေးကားတစ်စီးပေါ်မှာ
ရှုသွင်းနိုင်ခွင့်မရှိတဲ့ လေပြည်နုနုတွေထဲမှာ

စကားသံတွေ ကြားတစ်ချက် မကြားတစ်ချက်
မှန်သားထက်က မိုးရည်စတွေ မြင်တစ်ချက် မမြင်တစ်ချက်
လည်မျိုထဲ ရှိုက်သံတွေ ဆို့နေတာ
ပြန်မလာတော့ဘူး မပြောသွားတာ
ပါးပြင်ထက် ပူနွေးနေတာ
နာမည်အစတစ်လုံးကို တဖွဖွ ရွတ်မိနေတာ

ကမ္ဘာကြီးလည်နေတယ်ဆို
ငါရပ်နေတဲ့နေရာကို နင်ပြန်ရောက်လာမှာလား
ဒါမှမဟုတ်
ကိုယ့်နားရွက် ကိုယ်ပြန်လိုက်ကြည့်မိသလို
ဝေးပြီးရင်း ဝေးနေရမှာလား…
ခေါင်းကိုခါရမ်းရင်း မျက်ဝန်းကိုမှိတ်
အလွမ်းဟာ အိပ်ကပ်ထဲ တရိပ်ရိပ်ပြည့်

အခုထိ အဓိပ္ပါယ် ရှာမတွေ့သေးဘူုးတဲ့
အမှောင်ထဲမှာဘာအရောင်ရှိမလဲ အမှောင်ထဲတွေးရင်း
တစ်ချိန်ဖြူလာမလား အသိနဲ့
မီးသွေးကို ရေအထပ်ထပ်ဆေးမိနေတဲ့အရူးပေါ့

အဲ့ဒီလိုပါပဲ
အသစ်က ပြန်မစနိုင်မှန်းသိလို့
စိတ်ချည်းသက်သက်နဲ့ အတိတ်ကို ရစ်ယူကြည့်မိရုံလေး
ဘာရယ်မှလဲ မဟုတ်ဘူးကွယ်
ချိတ်ပိတ်ခံထားရတဲ့ နှလုံးသားအဟောင်းထဲ
အစွဲအလမ်းတွေ မီးရှို့မပစ်နိုင်သေးတဲ့ အကြောင်းပါ ။