အမြင့်ဆီမျှော်ငေးမိရုံနဲ့တင်
လေတွေက သိပ်တိုက်လွန်း
စိတ်ထဲရှိသမျှ မပွင့်လင်းရတာမျိုးထက်
မျိုသိပ်ထားမျှ မအန်ထုတ်ရတာမျိုးထက်
မသတီစရာကောင်းလွန်းတာမရှိ
ရှိထားတဲ့အရှိထက်
ဘာမှပိုမရှိချင်တော့သလို
သိထားတဲ့ အသိထက်
နောက်ထပ် ဘာမှမသိချင်တော့ပါ
ဖြစ်လာခြင်းထက် ကိုယ်ပျက်ပေးရမဲ့အရာတွေကို
စိုးရွံ့ထိတ်လန့်ရင်း
လူဖြစ်ရကျိုးနပ်ရဲ့လားတဲ့
ကိုယ့်စိတ်က ကိုယ့်ကိုပြန်မေးတာ အခါခါ
အဆင်ပြေပါတယ်လို့
မေးသူအားလုံးနဲ့ ကိုယ့်ကိုယ်ကို လိမ်ညာရင်း
အသက်ကို မျှင်းမျှင်းရှု ၊ ပြင်းပြင်းရှု
မိုးရာသီဆိုပေမဲ့ စိတ်အိုင်ငယ်ထဲ
လှောင်အိုက်ပြီး လှိုက်လှိုက်ပူ
ပါးစပ်နဲ့ ရှုနေရလဲ မ၀တဲ့ အသက်အတွက်
လတ်ဆတ်သော လေအနည်းငယ်ကလွဲ၍
မည်သည့်အရာမှ အလိုမရှိတော့ပါ။
လက်ဖျဉ်ရိုးတဆုံး၊ မပါရှိ
8 years ago
3 comments:
it touched me... I really really liked it :)
Bravo!
နာကြင်ပေါက်ကွဲသင့်တာကို...အံကြိတ်မျိုရတာလဲ ပင်ပန်းတာပေါ့ဗျာ....။
ဟုတ်သဗျ ..
ကိုယ့် ကြမ္မာကိုယ် လွတ်လွတ်လပ်လပ်
ဖန်ရတာလောက်
အသက်ရှုဝတာမရှိဘူး :)
Post a Comment