BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, July 1, 2009

ခေါင်းစဉ်မရှိတဲ့အသံ

သည်လိုနဲ့
သူလည်း သူပျော်ရွှင်ရာ ရွက်လွှင့်စီးမြောသွား
ကိုယ်လည်း ကိုယ်ဖြစ်တည်ရာ
သိုက်မြုံထဲ ပြန်လည်ကြုံဝင် ငြိမ်သက်ရခဲ့။

ကိုယ့်ရဲ့ ရေသောက်မြစ်တွေ
ကိုယ့်ရဲ့ အစာချက်လုပ်မှုစနစ်တွေ
ဘယ်အကြောင်းပဲဖြစ်ဖြစ်
အရာအားလုံးဟာ . . . . . . . . .
တယ်လီဖုံး မပြောချင်ပါဘူးအချစ်ရယ် . .
မင်းနှုတ်ခမ်းလေးကိုပဲ သိပ်သိပ်သည်းသည်း နမ်းချင်ခဲ့တာ။


လှည့်စားမှုကင်းတဲ့ ဒင်္ဂါးတွေ မြှောက်ပစ်ကစား
အရောင်အဆင်းကင်းသော လမ်းများပေါ်
လှည့်လည်သွားလာ
စိတ်ခံစားမှု အစစ်အမှန်များကိုတော့
အလေ့ကျနံရံများပေါ် ရေးချယ်ထားခဲ့မိပေါ့။


သည်လိုနဲ့ပဲ . .
စိတ်ကူးရွက်ကျပင်ပေါက်တွေလည်း
မျှော်လင့်ခြင်း နေကြာပွင့်တွေလည်း
အေးစက်နေခဲ့သော မျက်ဝန်းမြစ်များဟာလည်း
ကိုယ်မတောင့်တသော ဆုများထဲ
သွေ့ခြောက်ပြိုလဲ စီးဆင်းခဲ့ . . . .။


ဆုတ်ခွာခဲ့ရသော လမ်းဟာ
သွေးစက်များနဲ့ တရွတ်ဆွဲ အိပ်မက်သေများသာ . . . ..
. . . . (နင်ဟာ ငါ့ရဲ့ အကြီးကျယ်ဆုံး အမှားယွင်းတစ်ခုတဲ့လား . . .)
မီးရယ် . .အလင်းလို့ ယုံမှားတပ်မက်ခဲ့ဖူးတဲ့ . . .မီး ရယ်
ခေါ်သံတွေ တိမ်ဝင် ဆွံ့အ
အမှောင်မှာ (ငါ) ကျွမ်းလောင်ကျဆုံးခဲ့ရပါတယ်။

(အရမ်းကို နှစ်ခြိုက်မိတဲ့ ကိုနိုးဝေရဲ့ကဗျာလေးတစ်ပုဒ်ပါ။ မျှဝေခံစားလိုက်ပါတယ်)

1 comments:

Unknown said...

တယ်လီဖုန်းမပြောချင်ပါဘူး..အချစ်ရယ်
မင်းနှုတ်ခမ်းလေးကိုပဲ သိပ်သိပ်သည်းသည်း နမ်းချင်ခဲ့တာ
ကောင်းလိုက်တဲ့စာသားလေး ကြိုက်တယ်ဗျာ...ကိုနွေညိုရေ..