BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, December 21, 2009

ကြားခွင့်မရှိတော့တဲ့အသံ

လေလှိုင်းထဲကတစ်ဆင့်
သုံးနှစ်စာ နာဖျားမှုတွေ သိစေဖို့
မမေလျော့နိုင်သေးတဲ့ ဂဏန်းကိုးလုံးပေါ်
မျှော်လင့်ချက်တွေယှက်တင်လို့ နှိပ်ချလိုက်တယ်

ဘယ်သူလဲလို့မေးရင် ဘယ်သူပါလို့ ဘယ်လိုပြန်ဖြေရပါ့
စက္ကန့်တွေရေတွက်
အာရုံက နားစည်နဲ့ မြည်သံတစ်ခုကြား မှာ စိုးထိတ်စွာ
သတ်မှတ်အချိန်တွင်း ပြန်လည်မဖြေဆိုနိုင်တာ
ဘာကြောင့်ပါလဲ

ဟယ်လို
အသံတစ်ခုကို ကြားရနိုး မွတ်မွတ်သိပ်သိပ်နဲ့
ဟယ်လို
အနာဂတ်ထဲမှာ အတိတ်ကအတိုင်း ပျော်ရွှင်ချင်တဲ့စိတ်နဲ့
ဟယ်လို . . . ဟယ်လို . . . ဟယ်လို

သူကြားကြား မကြားကြား ပေါ့
လွမ်းဆွတ်နေရကြောင်း သတင်းစကားကို
နှလုံးသားတယ်လီဖုန်းခေါ်သံတွေကနေ ပို့လွှတ်လိုက်တယ်
အနည်းဆုံး မင့်အိပ်မက်ထဲကိုပဲဖြစ်ဖြစ်
တစ်နေ့နေ့ ရောက်ရှိနိုင်စေကွယ်။

3 comments:

Anonymous said...

ကြားခွင့်မရှိတော့တဲ့ အသံကိုမှ
အခါခါတမ်းတ...
သုံးနှစ်သုံးမိုးလွမ်းနေရကြောင်းကို
ဟယ်လိုဆိုတဲ့အသံလေး တစ်သံအတွက်
အရာရာပေးဆပ်ထားလိုက်တယ်.....

ကိုနွေညိုရေ...
ကဗျာလေးဖတ်ပြီး...ဆက်ရေးချင်စိတ်ပေါက်လာလို့ပါဗျာ
အကို့လောက်...မဖွဲ့နွဲ့တက်လို့...စိတ်ဆိုးရဘူးနော....

Mhu Darye said...

ရင်ကယ်တယ်.. အစာကြေဆေးလေး ပြေးသောက်လိုက်ဦးမယ်...

သောက်ရမ်းရေးတာကိုးးးး ဒီမှာ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ အပျော်တွေ ပြန်လျှော်ပေးးးးးးး

:P

ThinkingHoney said...

ကြားခွင့်မရှိတော့တဲ့အသံကို နားထောင်သွားတယ်
Brilliant!