BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, December 31, 2009

၃၁ ဒီဇင်ဘာ

ပြီးခဲ့တာတွေလည်း ပြီးသွားမှာပါ လို့ ဖြေသိမ့်သူတွေကိုယ်တိုင်
အဝေးကို ငေးပြီး ဆွေးနေမှတော့
နှစ်သစ်မှာ အချစ်ကို တွေ့ပါစေလို့ ဆုတောင်းပေးသူတွေကိုယ်တိုင်
မျက်ဝန်းတွေ အုံ့ဆိုင်းနေမှတော့
ငါ့မှာလည်း . . . .

ဘယ်လိုလဲ မိချယ်
အရင်လို အရင်လူနဲ့
အရင်နေရာမှာပဲ အရင်အတိုင်း ရှိနေမလား
နင်ကတော့ အဆင်ပြေမှာပါ
လပြည့်ကျော်တစ်ရက်ဆိုတော့ ဘယ်လောက့်ညဉ့်နက်နက်
လရောင် လင်းလင်းကျင်းကျင်းထဲ နင့်အိမ်ဆီ ပြန်ရသိပ်ခက်မယ်မထင်ဘူး

ငါ မွတ်သိပ်နေတဲ့ နင့်အသံတွေက
ဘယ်သူ့နားစည်မှာ ဆည်းလည်းသံသာတွေ ဖြစ်နေလဲ
ငါ မျှော်လင့်နေတဲ့ နင့်အပြုံးတွေက
ဘယ်သူ့ နှလုံးသားထက်မှာ တွဲခိုဆော့နေမလဲ

စိတ်ထဲ မထည့်ထားပေမဲ့
အလိုလို စိတ်ထဲရောက်လာတဲ့နင့်အကြောင်း
စဉ်စားမိတာ သိပ်များပြီ
တယ်လီဖုန်းဆက်တိုင်းလည်း စက်ပိတ်ပိတ်ထားတတ်တွေ
ထည့်မရေးတော့ဘူး

နင်သာပျော်အောင် နေပါကွဲ့
ဒီညမှာ . . . .
နင့်အမုန်းတွေ လျှံကျနေတဲ့
ငါ့နာကျင်မှုတွေ အမြုပ်ထနေတဲ့
အခါးဆုံး ဘီယာတွေ သောက် . . . မူးပြီးမှောက်တဲ့အထိ

တွေ့ခဲ့ မြင်ခဲ့ရင်လဲ အရင်လို အမှတ်တမဲ့ပဲနေ
လွန်ခဲ့တဲ့သုံးနှစ်ကတည်းက
နင် ပြောခဲ့သလို
ငါတို့က
ပြန်မပတ်သက်နိုင်တော့တဲ့သူစိမ်းတွေ .။

3 comments:

Mhu Darye said...
This comment has been removed by the author.
Mhu Darye said...

လိမ္မာတော့လေ...ကဗျာဆရား)

Unknown said...

ဘီယာတွေပဲ..လှိမ့်တောက်နေတော့မှာလား..
ကိုယ့်ဆရာရဲ့...။ :P