BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Thursday, May 21, 2009

ကိုယ့်ရဲ့ညများ


ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်က ညတွေကိုချစ်တယ်

အိမ်အမိုးမျက်နှာကျက်မှာ အနုမြူစတွေ
အစီအရီကပ်ထားသလိုမျိုး
ဟိုးမိုးကောင်းကင်ထက်မှာ ကြယ်လေးတွေ
ဖွေးဖွေးလှုပ်ပွင့်ဖူးလို့
ဆိတ်ဖလူးနံ့သင်းတဲ့ လေညှင်းဟာ
အေးမြလတ်ဆတ်လွန်းတယ်

မှုန်ရီဝေတဲ့ အလင်းအောက်မှာ
လောကဟာ သိမ်မွေ့ခြင်းနဲ့အပြာရောင်
ခြင်တွေတောင်ပံခတ်သံ အတိုင်းသား
အဝေးက ကားမောင်းသံ သဲ့သဲ့ကြားတယ်

မကြာခင်မှာ ဗီသိုဗင်တီးလုံးသံနဲ့
နာရီလေးမြည်မယ်
အထီးကျန်နေတယ် ယူဆရတဲ့ခွေးတွေ
ဆွေးဆွေးမြည့်မြည့်အူမယ်
အစာရှာထွက်တဲ့ ညဉ့်ငှက်လေးတွေ
အချိန်လွန် အိပ်တန်းပြန်လာတော့မယ်

အလင်းရောင်ရှိဖို့ မလိုအပ်ခဲ့ဘူး
အိပ်စက်ခြင်းကို လဲ အလိုမရှိခဲ့ဘူး

တစ်ကယ်တော့ ဒီလိုညတွေဟာ
မာယာစုံတဲ့ လူ့လောကဘုံထဲက
လွပ်လပ်သော ကိုယ့်ရဲ့ကမ္ဘာလေးသာ
ဖြစ်ပါတယ် . . .။

0 comments: